လီဗာပူးလ်အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို အာနယ်ဆလော့ ဝန်ခံ

လီဗာပူးလ်အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အာနယ်ဆလော့ ဝန်ခံ

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ချယ်လ်ဆီးကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် သူ့အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက ကံကြမ္မာအပေါ်မှာပဲ အားကိုးနေလို့ မရကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နှစ်ပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပါတယ်။

အာနယ်ဆလော့ဟာ လီဗာပူးလ်နည်းပြဘဝမှာ ပထမဆုံးအကြိမ် သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့တာပါ။

ဒါ့အပြင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုလည်း မဟာပြိုင်ဘက် အာဆင်နယ်အသင်းထံ လွှဲပြောင်းပေးခဲ့ရပါတယ်။

လီဗာပူးလ်အနေနဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲတွေမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့ကြပေမဲ့ အခုနောက်ဆုံး နှစ်ပွဲဆက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုး ပေးခဲ့ရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။