ဝင်းသိင်္ဂီထွန်း နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဟာ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ယခု ၂၀၂၆ ရာသီ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ANFA Women’s League 2026 အတွက် တစ်ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဝင်းသိင်္ဂီထွန်းဟာ ဆန်ကာတာအသင်းမှာ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဆန်ကာတာအသင်းဟာ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ စတင်တည်ထောင်ပြီး ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အသင်းသစ်တစ်သင်း ဖြစ်ပါတယ်။

ဆန်ကာတာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲအပြီးမှာ အဆင့် (၇) နေရာကို ရရှိထားခဲ့ပါတယ်။

ယခု ၂၀၂၆ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း (၁၀) သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်ပထွက်ပြီး ပရိုကစားနေသူဖြစ်ပါတယ်။

ဝင်းသိင်္ဂီထွန်းဟာ အိန္ဒိယကလပ်အသင်းတွေဖြစ်တဲ့ ဂိုကူလမ်ကီရာရာ၊ လော့စ်၊ အိုဒီရှား၊ ထိုင်းကလပ် အာရှစကောလားကောလိပ်၊ မလေးရှားကလပ် ဆဘားရှ်အသင်းတွေဆီမှာ ပရိုကစားသမားအဖြစ် သွားရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။