ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို မန်ယူနိုက်တက် မျှော်လင့်

ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မန်ယူနိုက်တက် မျှော်လင့်

မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ ဒူးဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ရှက်ရှကိုဟာ ဒီဒဏ်ရာကြောင့် မိခင်နိုင်ငံ ဆလိုဗေးနီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုတော့ လွဲချော်ခဲ့ရပါတယ်။

၎င်းဟာ စပါးနဲ့ပွဲမှာ လူစားဝင်ကစားပြီး ၈၈ မိနစ်မှာ စပါးနောက်ခံလူ ဗန်ဒယ်ဗန်နဲ့ ထိခိုက်မိလို့ ဒဏ်ရာရခဲ့တာဖြစ်တယ်။

ရှက်ရှကိုအနေနဲ့ ကွင်းထဲက ချိုင်းထောက်အကူအညီမပါဘဲ ထွက်ခွာခဲ့ပေမဲ့ ကောင်းစွာ လမ်းမလျှောက်နိုင်ခဲ့ပါဘူး။

ရှက်ရှကိုရဲ့ဒဏ်ရာကို နိုင်ငံတကာရက်သတ္တပတ်အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ ရှိပါတယ်။

ပေါင် ၇၃.၇ သန်းတန် တိုက်စစ်မှူးဟာ မန်ယူနိုက်တက်အတွက် ၁၂ ပွဲကစားပြီး နှစ်ဂိုးသာ သွင်းယူထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။