လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လာမယ့်နွေရာသီမှာ ရီးယဲလ်အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာမယ့် သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ကလော့ပ်(၅၈ နှစ်)ဟာ ရာသီကုန်မှာ အာဘီလိုအာနေရာအစားထိုးဖို ရီးရဲလ်နဲ့ ချိတ်ဆက်မှုရှိနေတယ်လို သတင်းထွက်ခဲ့တာပါ။
၎င်းအနေနဲ့ ၂၀၂၃-၂၄ ရာသီကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ နည်းမပြတော့တာဖြစ်တယ်။
လက်ရှိမှာ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာပါ။
ကလော့ပ်က ရီးရဲလ်နဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပေမဲ့ နည်းပြအဖြစ် တစ်ဖန်ဆောင်ရွက်နိုင်တယ်လို ဝန်ခံခဲ့ပါတယ်။
ကလော့ပ်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးလ်အသင်းနည်းပြ ဖြစ်လာပြီး ယင်းမတိုင်ခင် မိန့်ဇ်၊ ဒေါ့မွန်အသင်းတွေကို နည်းပြခဲ့ပါတယ်။