ရာသီကုန်ရင် အနားယူတော့မယ့် အယ်လ်ဘာကို မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို ဂုဏ်ပြုနှုတ်ဆက်စကားဆို

အင်တာမိုင်ယာမီအသင်းက စပိန်နောက်ခံလူ အယ်လ်ဘာဟာ ဒီနှစ် မေဂျာလိဂ်ရာသီကုန်ရင် ကစားသမားဘဝက အနားယူတော့မယ်လို အတည်ပြုကြေညာခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတိုက ဂုဏ်ပြုနှုတ်ဆက်စကား ဆိုခဲ့ကြကြောင်း သိရပါတယ်။

အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဘာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်တာကြောင့် (၁၉)နှစ်အကြာမှာ အနားယူဖို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

”ဘဝမှာ တကယ့်ကို အဓိပ္ပာယ်ပြည့်ဝတဲ့ အခန်းကဏ္ဍတစ်ခု အဆုံးသတ်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ဒီရာသီအကုန်မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အဆုံးသတ်ဖို ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာတဲ့ခံယူချက်၊ အေးချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ကျွန်တော် ချမှတ်ခဲ့တာပါ” လို အယ်လ်ဘာက Instagram မှာ Video Post ကတစ်ဆင့် ပြောကြားခဲ့တာပါ။

အယ်လ်ဘာရဲ့ အနားယူမယ့်ကြေညာချက်အတွက် မက်ဆီက ” ကျေးဇူးပါ ယော်ဒီ။ ငါ မင်းကို လွမ်းနေရတော့မှာပါ။ ငါတို အတူလုပ်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့တာကြောင့် မင်းမရှိတော့မယ့် ခံစားချက်က နေမထိထိုင်မသာ ဖြစ်နေတော့မှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ့အတွက် မင်းဖန်တီးပေးခဲ့တာတွေ ဘယ်လောက်တောင် များခဲ့သလဲ။ အခု ဘယ်သူက ငါ့ဆီ ဘောလုံးပေးပို တော့မှာလဲ” လို ရေးသားခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ”ဘယ်လိုပြောရမလဲ ညီကို။ မင်းက ပျော်ရွှင်ဖို ခွဲထွက်သွားတာပဲ”လို ပြောကြားခဲ့ပြီး နေမာကတော့ ”မင်းက ကြီးကျယ်ခမ်းနားတဲ့သူပါ။ နှုတ်ဆက်ပါတယ်”လို ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။