မိမိလက်ထက်မှာ မန်ယူနိုက်တက်ထက်အမြဲပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို ဂွါဒီယိုလာပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့လက်ထက်မှာ မန်စီးတီးအသင်းဟာမန်ယူနိုက်တက်ထက် အမြဲပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ စပါးနဲ့ ဘရိုက်တန် ပရီးမီးယားလိဂ်နှစ်ပွဲဆက် အရေးနိမ့်ထားလို့ မန်ချက်စတာဒါဘီမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။

”မန်ချက်စတာယူနိုက်တက်အပေါ် ကျွန်တော် လေးစားမှုရှိပါတယ်။ သူတို့ရဲ့သမိုင်းကြောင်းကို အများကြီးလေးစားပါတယ်။ အတိတ်မှာ သူတို့လုပ်ခဲ့တာတွေ၊ အင်္ဂလိပ်ဘောလုံးအတွက် သူတို့အမွေအနှစ်တွေပေါ့။ ၉၀ ပြည့်နှစ်တွေမှာ သူတို့က အမြဲရှေ့ရောက်နေတယ်။ မန်စီးတီးက တစ်ခါတစ်ရံ အနိုင်ယူတာတော့ ရှိခဲ့ပါတယ်။ နောက်ဆုံးရှစ်နှစ်မှာ တော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရောက်လာကတည်းက မန်စီးတီးအသင်းဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အမြဲတမ်း သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ ၁၀ နှစ်၊ ကိုးနှစ်ကြာ ကျွန်တော်တို့က အမြဲတမ်းပိုကောင်းတဲ့အသင်းပါ”လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက မန်ယူနိုက်တက်ဟာ သူတို့ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့လည်း အသင်းကစားသမားတွေကို သတိပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ သုံးပွဲကစား သုံးမှတ်နဲ့ အဆင့် ၁၆ နေရာ ရောက်နေပြီး မန်ယူနိုက်တက်ကတော့ လေးမှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။