မန်ယူရဲ့သူရဲကောင်းအသစ်

မန်ယူရဲ့သူရဲကောင်းအသစ်

မန်ယူကတိုက်စစ်အင်အားစုတစ်ခုလုံးနီးပါး အပြောင်းအလဲဖြစ်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုတို့ ရှင်းထုတ်လိုက်တယ်။
ပြီးတော့ဟွိုင်လန်းကိုထပ်ပြီးဖယ်ရှားခဲ့ပါတယ်။ ဆက်ရှ်ကို၊ အမ်ဘူမို၊ကူညာတို့နဲ့ မန်ယူတိုက်စစ်အသွင်သစ်ဖြစ်လာပါတယ်။ အဲဒီသုံးဉီးထဲမှာမှအမ်ဘူမိုက ဂိူးအများဆုံး သွင်းယူထားပြီးသူရဲကောင်းဖြစ်နေတာပါ။

အမ်ဘူမိုက ပရီးမီးယားလိဂ်အတွေ့အကြုံရင့်တယ်၊ အဆုံးသတ်ကောင်းတယ်၊ နေရာစုံလှည့်ပတ်ကစားနိုင်ပြီး မာဂုဏ်မြင့်တယ်။ အဲဒီအချက်တွေကမန်ယူတိုက်စစ်ရဲ့လိုအပ်ချက်တွေပါ။မန်ယူတိုက်စစ်မှာ တစ်ရာသီဂိုးနှစ်ဆယ်အနည်းဆုံးသွင်းယူနိုင်မယ် အဆုံးသတ်သမားတစ်ဉီး ပျောက်ဆုံးခဲ့ပြီးအခုအမ်ဘူမိုနဲ့အတူ မျှော်လင့်ခွင့် ရှိလာပါတယ်။

ကန်ညာနဲ့ အမ်ဘူမိုက အဆုံးသတ်သမားစစ်စစ်တွေမဟုတ်ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းမြင့်မားတယ် အဝေးကန်ချက်တွေ၊ ဂိုးဧရိယာထဲ ပြေးဝင်ကန်သွင်းချက်တွေလုပ်နိုင်ပါတယ်။သူတို့နှစ်ဉီးအတွက် မန်ယူက ပေါင်သန်း ၁၃၀ နီးပါးသုံးပြီး အသွင်သစ်တိုက်စစ်ကိုအမ်မိုရင်မ် ဖန်ဆင်းခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်းတိုက်စစ်ကအတော်လေးဆိုးရွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၄၄ ဂိုးသာရခဲ့ပြီး တစ်ပွဲပျမ်းမျှ ၁ ဒဿမ ၂၅ ဂိုးသာ ပိုင်ဆိုင်ခဲ့ပြီးရှက်စရာကောင်းခဲ့ပါတယ်။ ၁၉၇၃ ၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံး တိုက်စစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

အမ်ဘူမိုက ဆာလာလိုမျိုး လျင်မြန်တယ်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတယ်၊ နေရာလွတ်တွေရှာဖွေပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကိုကျော်ဖြတ်ပြေးလွှား ဘယ်ခြေနဲ့အဆုံးသတ်ကန်သွင်းယူတတ်သူပါ။

သူက မန်ယူတိုက်စစ်ကိုဂိုးတွေနဲ့ ဆန်းသစ်စေမယ့်သူပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။