မန်ယူနိုက်တက်အသင်းနည်းပြကို အသင်းဘုတ်အဖွဲ့က ဆက်လက်ထောက်ခံချက်ပေးထား

မန်ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ အသင်းနည်းပြ ရူဘင်အာမိုရင်မ်ကို ဆက်လက်ထောက်ခံထားဆဲဖြစ်ကြောင်း သိရပါတယ်။

ဘုတ်အဖွဲ့အနေနဲ့ မန်ချက်စတာဒါဘီမှာ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့အတွက် အာမိုရင်မ်ကို အချိန်ပိုပေးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီအဖွင့် လေးပွဲကနေ လေးပွဲသာ ရထားပြီး ၁၉၉၂-၉၃ ရာသီကတည်းက အဆိုးရွားဆုံး ရာသီအစရလဒ်ပိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။

လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှာလည်း League Two ကလပ် ဂရင်းစဘီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

အာမိုရင်မ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြအဖြစ် ပရီးမီးယားလိဂ် ၃၁ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ရှစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။

အခုနွေရာသီမှာ ကူညာ၊ အမ်ဘူမို၊ ရှက်ရှကိုတို့အား ပေါင် သန်း ၂၀၀ ဝန်းကျင်နဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်းအားဖြည့်ခဲ့ပေမဲ့ ထူးခြားမှု မရှိသေးပါဘူး။

မန်ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။