ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြု မက်ဆီကိုယ်တိုင် ဆုံးဖြတ်မယ်

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်းနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြုကို ကိုယ်တိုင်ဆုံးဖြတ်မယ်လို သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ဒီလနိုင်ငံတကာရက်သတ္တပတ်မှာ ခြေစမ်းပွဲတွေသာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အောက်တိုဘာ(၁၀)မှာ ဗင်နီဇွဲလား၊ အောက်တိုဘာ(၁၃)မှာ ပူအာတိုရီကိုအသင်းတွေနဲ့ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ပွဲတွေဆက်တိုက်ကစားနေရပြီး မက်ဆီအနေနဲ့ (၂၁)ရက်အတွင်း (၇)ပွဲကစားရမယ့်အနေအထား ဖြစ်နေသလို၊ အတ္တလန်တာယူနိုက်တက်နဲ့ပွဲကိုလည်း အောက်တိုဘာ(၁၁)မှာ ကစားရမှာဖြစ်တာကြောင့် ဗင်နီဇွဲလားနဲ့ပွဲမှာ ပါဝင်ကစားဖို အခက်တွေ့နေကြောင်း သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီကတော့မက်ဆီအပါအဝင် ကစားသမားအားလုံးနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ကစားသမားကို စွန့်စားအသုံးပြုမှာမဟုတ်ဘူးလို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်ပွဲတွေမှာ ကစားသမားသစ်တွေကို ကြည့်ရှုဖို ကြိုးစားသွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။