ပရီးမီးယားလိဂ်၊ လာလီဂါနှင့် ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် နှင့် ဘုန်းမောက် (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်အသင်းက ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမဲ့ ကွန်မြူနတီဒိုင်းမှာတော့ ပဲလေ့စ်အသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်။ ရာသီကြိုပွဲစဉ်တွေမှာ ကစားသမားသစ် ဗက်ဇ်၊ အီကီတိုက်နဲ့ ဖရင်ပေါင်တို့က တစ်ဂိုးစီသွင်းယူနိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားပုံက တော်တော်လေးထက်မြက်ပြီး ကွန်မြူနတီဒိုင်းအပါအဝင် ရာသီကြိုပွဲစဉ်တွေမှာ စုစုပေါင်း ၂၂ ဂိုးသွင်း ယူနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းကတော့ အားနည်းချက်တချို့ရှိနေတယ်။ ဘုန်းမောက်အသင်း ကလည်း အားရစရာသိပ်မရှိဘဲ ခြေစမ်းပွဲ နောက်ဆုံးလေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာလည်း လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးအပါအဝင် လေးပွဲဆက် အနိုင်ကစားထားတယ်။ အခုပွဲက ရာသီအဖွင့်ပွဲစဉ်ဖြစ်သလို ပထမဆုံးအိမ်ကွင်းပွဲဖြစ်လို့ လီဗာပူးလ်အသင်း အနိုင်ရလဒ်ရယူမှာ သေချာပါတယ်။ ဂိုးလည်းပြတ်လိမ့်မယ်။

ဂျီရိုနာ နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သောကြာည ၁၁း၃၀ နာရီ)

ရာသီကြိုကာလမှာ နှစ်သင်းစလုံးက အသင်းကောင်းတွေနဲ့ ခြေစမ်းပြီး ပြင်ဆင်မှုတွေ ဂရုတစိုက်လုပ်ဆောင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာ ဗယ်လက်ကာနိုက ပိုကောင်းတဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပေမဲ့ ဂျီရိုနာကွင်းမှာ ရလဒ်ကောင်းလေ့မရှိပါဘူး။ ဂျီရိုနာကိုပဲ ရွေးချယ်ချင်ပါတယ်

ဗီလာရီးယဲလ် နှင့် အိုဗီယေဒို (မြန်မာစံတော်ချိန် စနေနံနက် ၂းဝ၀ နာရီ)

အိုဗီယေဒိုက တန်းတက်ကလပ်ဖြစ်ပြီး ကာဇိုလာ ဦးဆောင်ကစားနေတဲ့အသင်းပါ။ ဗီလာရီးယဲလ်နဲ့ အင်အားချင်းကွာခြားပါတယ်။ ရာသီကြိုမှာ အာဆင်နယ်ကိုတောင် အနိုင်ရခဲ့တဲ့ ဗီလာရီးယဲလ်အသင်း ဂိုးပြတ်အနိုင်ရဖို့ များပါတယ်။

ရန်းစ် နှင့် မာဆေးလ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

ပြီးခဲ့တဲ့ရာသီမှာ ဒုတိယနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာကြောင့် မာဆေးလ်အသင်းက အူဘာမီယန်း၊ တီမိုသီဝီယာ၊ ပိုင်ဇာအိုတို့လို ကစားသမားတွေကို အားဖြည့်ပြင်ဆင်ထားပါတယ်။ ရာသီကြိုကာလမှာလည်း ရလဒ်တွေ ကောင်းမွန်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ မာဆေးလ်ပဲ အနိုင်ရမှာပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။