ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ယိုကယ်ရက်စ်ပိုင်ဆိုင်မလား

ယိုကယ်ရက်စ်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာဂိုးသွင်းဘုရင်ဆု ရနိုင်သူပါ။ သူ့ရဲ့ပရီးမီးယားလိဂ်စွန့်စားခန်းက ခမ်းနားနေတယ်။

အာဆင်နယ်ရဲ့အိမ်ကွင်း အီမရိတ်စ်မှာ ယိုကယ်ရက်စ် ဂိုးတွေရွှန်းရွှန်းဝေနေပါတယ်။ ပြီးခဲ့တဲ့ရာသီ ပေါ် တူဂီလိဂ် မှာ ၃၉ ဂိုးသွင်းခဲ့သူ
ဟာ အခုဆိုရင်အာဆင်နယ် အတွက် ၃ ဂိုးသွင်းထားပါပြီ။

ယိုကယ်ရက်စ်က ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု မျှော်လင့်ခွင့် ရှိလာပြီ။ ယိုကယ်ရက်စ်ရဲ့အဓိကပြိုင်ဘက်တွေက ပရီးမီးယားလိဂ်အတွေ့အကြုံရင့်ပိုကောင်းပေမယ့် ယိုကယ်ရက်စ် ထိတ်လန့်နေမှာမဟုတ်ဘူး။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ယိုကယ်ရက်စ်ရဲ့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်တယ်။

ဆာလာက ပြီးခဲ့တဲ့ရာသီမှာ Golden Boot ဆု ရခဲ့ပြီး၊ လက်ရှိရာသီမှာလည်း မျှော်လင့်ချက်ကြီးမားနေသူပါ။တယ်။ ဒါပေမဲ့ အာဖရိကဖလား AFCON ပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ဇာတ်ရှိန်အတက်ဆုံးအချိန်တစ်ခုမှာ ဆာလာ လေးငါးပွဲလောက်လွဲချော်ဖွယ်ရှိနေတယ်။

ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးစံချိန်ရှင် အလန်ရှီယားက ယိုကယ်ရက်စ်ကို အတော်လေးချီးကျူးထားပြီး အနည်းဆုံးဂိုးနှစ်ဆယ်သွင်းမယ်လို့ခန့်မှန်းထားတယ်။ ယိုကယ်ရက်စ်ရဲ့ဂိုးသွင်းဘုရင်မျှော်လင့်ချက်အတွက် စဉ်ဆက်မပြတ်ခြေစွမ်းပြနိုင်မှုက အရေးကြီးသလို
ဒဏ်ရာကင်းစင်ဖို့လည်းလိုအပ်ပါတယ်။ ပယ်နယ်တီကန်ခွင့်တာဝန်ကိုလည်းရမယ်ဆိုရင် ယိုကယ်ရက်စ်က ဂိုးတွေကိုပြီးရလာမှာပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။