နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ အော်ဒီဂွါ ပြန်ကစားနိုင်မယ်

ဒူးဒဏ်ရာရရှိထားတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါဟာ နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်မယ်လို သိရပါတယ်။

အော်ဒီဂွါဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပြန်ကစားနိုင်ဖို မျှော်လင့်ခဲ့ပေမဲ့ နိုဝင်ဘာလလယ်အထိ ပြန်ကစားနိုင်ဖွယ်မရှိသေးကြောင်း သိရပါတယ်။

ဒါကြောင့် အော်ဒီဂွါအနေနဲ့ နိုဝင်ဘာလလယ်မှာ သတ်မှတ်ထားတဲ့ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း BBC က ဖော်ပြခဲ့တာပါ။

ဒီအတွက် အော်ဒီဂွါဟာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်(၇)ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေပြီး စပါးနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

အော်ဒီဂွါ လွဲချော်မယ့်ပွဲတွေက ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်၊ ပဲလေ့စ်၊ ဘန်လေ၊ ဆန်းဒါးလန်း၊ လိဂ်ဖလားမှာ ဘရိုက်တန်၊ ချန်ပီယံလိဂ်မှာ အက်သလက်တီကို၊ ဆလားဗီးယားပရပ်ဂ်ပွဲတွေဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။