တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ရာဖင်ညာ ငါးပတ်ခန့် အနားယူရမယ်

တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာဟာ ရက်သတ္တပတ် လေးပတ်ကနေ ငါးပတ်အထိ အနားယူရ

တော့မယ်လို့ သိရပါတယ်။

ရာဖင်ညာ(၂၉ နှစ်)ဟာ ပြင်သစ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းဆေးအဖွဲ့ကလည်း ရာဖင်ညာ ညာဘက်တံကောက်ကြောဒဏ်ရာရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

၎င်းဟာ ဘာစီလိုနာကိုပြန်ကာ ကုသမှု ခံယူမှာဖြစ်ပြီး လာမယ့်မေလရောက်မှ အသင်းအတွက် ပြန်လည်ကစားနိုင်ပါလိမ့်မယ်။

ရာဖင်ညာအနေနဲ့ အက်သလက်တီကိုနဲ့ သုံးပွဲ(ချန်ပီယံလိဂ် နှစ်ကျော့၊ လာလီဂါ တစ်ပွဲ)အပါအဝင် ခြောက်ပွဲခန့် လွဲချော်ရနိုင်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ရင် ပထမအကျော့ကိုလည်း လွဲချော်ဖို့ ရှိနေပါတယ်။

ရာဖင်ညာဟာ ယခုရာသီအတွင်း ညာဘက်တံကောက်ကြော တတိယအကြိမ်မြောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။