တစ်ဘဝလုံး မန်စီးတီးကစားသမားတစ်ဦးအဖြစ် ဆက်ရှိသွားမယ်လို့ ဒီဘရိုင်းနား ပြောကြား

မန်စီးတီးကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားက မိမိအနေနဲ့ တစ်ဘဝလုံး မန်စီးတီးကစားသမားတစ်ဦးအဖြစ် ဆက်ရှိသွားမယ်လို့  ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းနား (၃၄ နှစ်)ဟာ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရရှိခဲ့သူဖြစ်ပြီး ဒီနွေမှာမှ မန်စီးတီးနဲ့ စာချုပ်ကုန်ပြီး လမ်းခွဲခဲ့တာပါ။

ဒီဘရိုင်းနားက စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်လိုတာကြောင့် နာပိုလီအသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပေမဲ့ မိမိဟာ တစ်ဘဝလုံး မန်စီးတီးကစားသမားသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

” ကျွန်တော် ပရီးမီးယားလိဂ်မှာ အကြာကြီးကစားခဲ့ပြီးတဲ့နောက် အင်္ဂလန်ပြင်ပကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လုပ်ရမယ့်အရာတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော် မန်စီးတီးကစားသမားတစ်ယောက်အဖြစ် တစ်ဘဝလုံးဆက်ရှိသွားမှာပါ။ အီတလီမှာ ကျွန်တော် ကစားနိုင်စွမ်းရှိပါတယ်။ ပြီးတော့ ထိပ်တန်းအဆင့်မှာ ကစားနိုင်ဆဲဆိုတာကလည်း ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ” လို့ ဒီဘရိုင်းနားက ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းနားက နာပိုလီအသင်းမှာ လက်ရွေးစင်အသင်းဖော် လူကာကူရှိနေတာကြောင့်လည်း နာပိုလီကိုပြောင်းရွှေ့ဖို့ ပိုလွယ်ကူစေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။