ဂျွန် ဂျုံးစ်မှ ဒေနာ ဝှိက်အား မျက်နှာချင်းဆိုင် တောင်းပန်ရန် ကြိုးပမ်း၊ “ကျွန်တော် မှားပါတယ်” ဟု ဝန်ခံ

လက်ရှိအချိန်တွင် ဂျွန် ဂျုံးစ် သည် UFC ဥက္ကဋ္ဌ ဒေနာ ဝှိက် နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကာ ပြေလည်မှုရယူရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။ ဂျုံးစ်သည် ယခင်က တွမ် အက်စ်ပီနယ်လ် နှင့် ထိုးသတ်မည့်ပွဲအစား ရုတ်တရက် အနားယူကာ UFC ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ပြီးနောက် ဝှိက်၏ ယုံကြည်မှု ပျက်ပြားမှုကို ပြန်လည်ရရှိရန် ဤသိုလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ဂျုံးစ်၏ အနီးကပ်ဆုံး ရည်မှန်းချက်မှာ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် UFC White House ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်ဖြစ်သော်လည်း၊ ရှေးဦးစွာ ဒေနာ ဝှိက်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေခြင်း ဖြစ်ပါတယ်။

အငြင်းပွားဖွယ်ရာ အနားယူမှုနှင့် ချန်ပီယံခါးပတ် စွန့်လွှတ်ခြင်း
တစ်နှစ်နီးပါးခန့်အတွင်း ဂျုံးစ်သည် တွမ် အက်စ်ပီနယ်လ် နှင့် ဟဲဗီးဝိတ် ချန်ပီယံခါးပတ် စည်းလုံးညီညွတ်ရေးပွဲအတွက် သတင်းများ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်ပါတယ်။ သိုသော်လည်း မည်သည့်အရာမှ အတည်မပြုနိုင်သေးခင် ရုတ်တရက်ဆိုသလို UFC CEO ဖြစ်သူ ဝှိက်မှ ဂျုံးစ်သည် အနားယူကာ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဝှိက်၏ အဆိုအရ အက်စ်ပီနယ်လ်နှင့် ပွဲအတွက် နှုတ်ကတိ သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်ဟုလည်း ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းနောက်တွင် အက်စ်ပီနယ်လ်အား စစ်မှန်သော ချန်ပီယံ (undisputed champion) အဖြစ် မြှင့်တင်ခဲ့သော်လည်း၊ နှစ်ပတ်အကြာတွင် ဂျုံးစ်သည် ပြန်လည်ယှဉ်ပြိုင်ရန် အစီအစဉ်များရှိကြောင်း ထုတ်ဖော်ခဲ့ပြီး၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ် ထရမ့်က ပထမဆုံးအကြိမ် ကြေညာခဲ့သည့် သမိုင်းဝင် White House card တွင် ပါဝင်ယှဉ်ပြိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ထိုအချိန်မှစ၍ ဝှိက်သည် ဂျုံးစ်ကို White House ကတ်တွင် ထည့်သွင်းရန် စိတ်ကူးကို ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ဂျုံးစ်သည် ပြိုင်ပွဲအတွက် တကယ်တမ်း လာရောက်ယှဉ်ပြိုင်မည်ဟုတ်ကို ယုံကြည်မှု ပြဿနာ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

No Scripts ပေါ့ဒ်ကတ်စ်တွင် ဂျုံးစ်က “ကျွန်တော့်ရဲ့ အနီးကပ်ဆုံး ရည်မှန်းချက်က White House card မှာ ပါဝင်နိုင်ဖိုပါပဲ” ဟု ပြောကြားခဲ့ပြီး၊ “ဒေနာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တယ်။ သူ့ကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ” ဟု ဆက်လက် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုအပြင် အက်စ်ပီနယ်လ်နှင့်ပွဲအတွက် စာချုပ်များ လက်မှတ်မထိုးခဲ့သော်လည်း ၎င်း၏အမှားကို ဝန်ခံခဲ့ပါတယ်။ “အခြေအနေတွေ ဖြစ်ပျက်သွားတဲ့ပုံစံအရ ကျွန်တော် မှားပါတယ်” ဟု ဂျုံးစ်က ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။