ဂါဘရီယဲလ်ရဲ့ဒဏ်ရာက အာဆင်နယ်ကိုဘယ်လောက်ထိခိုက်နစ်နာစေမလဲ

အာဆင်နယ်ရဲ့အားထားရတဲ့ခံစစ်ကစားသမားဂါဘရီယဲလ်တစ်ယောက် ဇန်နဝါရီလလောက်အထိ
အနားယူရမယ်ဆိုပြီးသတင်းထွက်နေပါတယ်။

အာဆင်နယ်ကလာမယ့်ပရီးမီးယားလိဂ်ပွဲမှာစပါး၊ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့
ကစားရဖိုရှိလို အားထားရတဲ့ဂါဘရီယဲလ်မပါနိုင်တာထိုးနှက်ချက်ဖြစ်လာပါတယ်။

ဂါဘရီယဲလ် မရှိချိန်မှာ အာဆင်နယ်ရဲ့နိုင်ပွဲရာခိုင်နှုန်းက၄၁ ရာခိုင်နှုန်းသာရှိပြီးဂါဘရီယဲလ် ကစားတဲ့အခါ အာဆင်နယ်ရဲ့
နိုင်ပွဲရာခိုင်နှုန်းက ၆၃ ဒဿမ ၅ ရာခိုင်နှုန်းအထိမြင့်တက်လာတာပါ။

လက်ရှိရာသီမှာ အာဆင်နယ်အသင်းကခံစစ်မာဂုဏ်မြင့်မားခဲ့ပြီး ဂါဘရီယဲလ်နဲ့ဆာလီဘာက
ဉရောပအကောင်းဆုံးခံစစ်အတွဲအဖက်ဖြစ်ခဲ့ပါတယ်။အခုဂါဘရီယဲလ်မရှိတာအာဆင်နယ်ခံစစ်ကို
သက်ရောက်မှုကြီးမားနိုင်ပြီး ဂိုးတွေပြန်ပေးနေရလိုလည်းစိုးရိမ်စရာကောင်းပါတယ်။

ဂါဘရီယဲလ်က ပြီးခဲ့တဲ့ရာသီမှာတံကောက်ကြောဒဏ်ရာရပြီး အာဆင်နယ်ရဲ့ချန်ပီယံမျှော်လင့်ချက်ထိခိုက်ဖူးတယ်။
အာဆင်နယ်ခံစစ်မှာမော်စကွဲယားက ကစားခွင့်ရချိန်တိုင်းတည်ငြိမ်နေပေမယ့် ဂါဘရီယဲလ်လောက်စိတ်ချလို
မရပါဘူး။ ပြီးတော့ကာလာဖီအိုရီကလည်းဒဏ်ရာရနေလို အာဆင်နယ်ခံစစ်ရွေးချယ်စရာပိုနည်းနေပါတယ်။

အာဆင်နယ်က ဂါဘရီယဲလ်ဘယ်လောက်အနားယူရဉီးမလဲဆိုတာ မူတည်ပြီး ချန်ပီယံအိပ်မက်အလားအလာ
အဖြေထွက်ဖွယ်ရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။