ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်တန်းတက်ခွင့်ရဖို့နီးစပ်အောင် စွမ်းဆောင်ပေးထားတဲ့ လမ်းပတ်က
ချယ်လ်ဆီးနည်းပြသစ်အဖြစ် ရေပန်းစားလာပါတယ်။
လမ်းပတ်က ချယ်လ်ဆီးအသင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ကိုင်တွယ်ခဲ့ဖူးသလို ၂၀၂၃ ခုနှစ် ဧပြီမှာလည်း ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းက လက်ရှိရာသီလိဂ်ချန်ပီယံရှစ်မှာ ဒုတိယနေရာက မစ်ဒယ်ဘရော့အသင်းကို (၉)မှတ်ဖြတ်ပြီး ဉီးဆောင်နေပါတယ်။
လိဂ်ချန်ပီယံရှစ်ရာသီ ပြီးဆုံးဖို့ (၇)ပွဲသာလိုတော့ချိန်မှာ
ကိုဗင်ထရီအသင်းက ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ နီးစပ်နေပါတယ်။
ချယ်လ်ဆီးအသင်းက လက်ရှိရလဒ်ဆိုးတွေကြောင့်
ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ နည်းြပသစ်အဖြစ် ခန့်အပ်ထားပြီး ၂၀၃၂ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသူ
ရိုစီနီယာကို ရာထူးကထုတ်ပယ်ဖွယ်ရှိပါတယ်။