ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း မဖြစ်သေးကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား

ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း မဖြစ်သေးကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်က အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်အပေါ် စိတ်လှုပ်ရှားမိပေမဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပွဲစဉ်(၉)အပြီးမှာ အမှတ်ပေးဇယားတတိယနေရာအထိ တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ (၅)မှတ်သာ ကွာဟပါတယ်။

ဒိန်းမတ်နည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒီနွေမှာမှ စပါးအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက အဆင့်(၁၇)သာရရှိခဲ့တဲ့ စပါးအသင်းဟာ သောမတ်စ်ဖရန့်ခ်လက်ထက်မှာ တိုးတက်ပြောင်းလဲလာခဲ့တယ်လို့ သုံးသပ်မှုတွေရှိ နေတဲ့အပြင် လက်ရှိအချိန်မှာ တတိယနေရာရောက်နေတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ရာမှာ သောမတ်စ်ဖရန့်ခ်က ”မဖြစ်ပါဘူး။ ကျွန်တော်တို့ထက် ဖြစ်နိုင်ခြေရှိတဲ့ အသင်းအနည်းငယ် ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ချန်ပီယံဆုအကြောင်းပြောရင် သင့််လျော်မယ်လို့ မထင်ပါဘူး။ ကျွန်တော့်အနေနဲ့ တစ်ပွဲချင်းအတွက်ပဲ စဉ်းစားနေပြီး ဧပြီမှာ ကျွန်တော်တို့ ဘယ်နေရာရောက်နေမလဲ ကြည့်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်တို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ယှဉ်ပြိုင်သွားရဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။