ကွိင်လ် စနိုက်ဒါ ဒဏ်ရာကြောင့် နုတ်ထွက်၊ UFC ဟဲဗီးဝိတ်ဟောင်း အစားထိုး ဝင်ရောက်

ကွိုင်လ် စနိုက်ဒါ ဒဏ်ရာကြောင့် နုတ်ထွက်၊ UFC ဟဲဗီးဝိတ်ဟောင်း အစားထိုး ဝင်ရောက်

Real American Freestyle ပြိုင်ပွဲကြီးရဲ့ ဒုတိယအကြိမ်မြောက်ပွဲစဉ်မှာ နပန်းလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ကွိုင်လ် စနိုက်ဒါ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးနောက်ပိုင်းမှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲကနေ နုတ်ထွက်ခဲ့ရတာလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုမျိုး ရုတ်တရက် နုတ်ထွက်သွားတာကြောင့် MMA ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား UFC ဟဲဗီးဝိတ်ဟောင်း၊ လက်ရှိ PFL တိုက်ခိုက်ရေးသမားဖြစ်သူ အလက်ဇန္ဒာ ရိုမာနော့ဗ်က သူ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ရိုမာနော့ဗ်ဟာ အရင်တုန်းက UFC မှာ ၇ ပွဲနိုင်၊ ၃ ပွဲရှုံး စံချိန်ရှိခဲ့သူပါ။

ဒီပွဲစဉ်မှာ ကွိုင်လ် စနိုက်ဒါက NCAA ချန်ပီယံနဲ့ အိုလံပစ်ပြိုင်ပွဲဝင် မေဆန် ပဲရစ်နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး၊ အခုတော့ ရိုမာနော့ဗ်နဲ့ ပဲရစ်တို့ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ပွဲကျင်းပမယ့်နေရာကလည်း Rec Hall ကနေ လူ ၁၅,၀၀၀ ကျော် ဝင်ဆံ့တဲ့ Bryce Jordan Center ကို ပြောင်းလိုက်တယ်လို့ Real American Freestyle က ကြေညာခဲ့ပါတယ်။ ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Penn State မှာ ကျင်းပမှာဖြစ်ပြီး Fox Nation ကနေ သီးသန့်ထုတ်လွှင့်သွားမှာပါ။

အသက် ၃၄ နှစ်အရွယ်ရှိ ရိုမာနော့ဗ်ဟာ UFC ကနေထွက်ပြီး PFL ပြိုင်ပွဲမှာ ဟဲဗီးဝိတ်ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ပထမနှစ်ပွဲကို နိုင်ခဲ့ပေမယ့် ဩဂုတ်လမှာ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ပဲရစ်ကတော့ ၂၀၂၄ အိုလံပစ်မှာ အမေရိကန်ကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ၁၆ ဦးအဆင့်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၃ ခုနှစ်တုန်းက University of Michigan ကိုယ်စားပြု Folkstyle နပန်းမှာ NCAA ချန်ပီယံ ဖြစ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။