အဲဗာတန်အသင်းနဲ့ သက်တမ်းတိုးခဲ့တဲ့ တာကောစကီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်း ပြောကြား

အဲဗာတန်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ တာကောစကီးဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။

အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ တာကောစကီးဟာ ၂၀၂၂ နွေရာသီမှာ ဘန်လေကနေ အဲဗာတန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

တာကောစကီးဟာ အဲဗာတန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ပေးခံထားရသူဖြစ်တာကြောင့် အဲဗာတန်အသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တာကောစကီးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့သူဖြစ်ပေမဲ့ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ ဘန်လေအသင်းမှာတုန်းက ယူရိုပါလိဂ်ခြေစစ်ပွဲ ဆင်နွှဖူးတာသာ ရှိခဲ့ပါတယ်။

ဒါကြောင့် တာကောစကီးက ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်းနဲ့ နည်းပြ ဒေးဗစ်မွိက်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ဒီအခွင့်အရေးရရှိဖို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။