အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို Opta ခန့်မှန်း

အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို့ Opta ခန့်မှန်း

အာဆင်နယ် နိုင်ပွဲဆက်တာ ရပ်တန့်သွားတယ်၊ ဂိုးတွေပြန်ပေးလာရတယ်၊ ဒါပေမဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့်ဟာ လျော့ကျမသွားခဲ့ဘူး။

Opta ရဲ့စူပါကွန်ပြူတာက ရာသီကုန်ဆုံးချိန်မှာ မန်စီးတီးကိုရမှတ် ၇ မှတ်ဖြတ်ပြီး အာဆင်နယ်အသင်းချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းနေဆဲပါ။

အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်းက ၆၃ ဒဿမ ၆ ရာခိုင်နှုန်း ရှိနေပြီး၊ မန်စီးတီးက ၂၂ ဒဿမ ၉ ရာခိုင်နှုန်းသာရှိနေပါတယ်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်က ချန်ပီယံဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ရာသီကုန်ဆုံးချိန်မှာ အာဆင်နယ်က ရမှတ် ၈၀ ၊ မန်စီးတီးက ရမှတ် ၇၃ မှတ်၊ လီဗာပူးလ်က ရမှတ် ၆၈ မှတ်ရမယ်လို့ Opta ခန့်မှန်းထားပါတယ်။

အာဆင်နယ်က ၂၀၀၄ ခုနှစ်မှာ ရှုံးပွဲမရှိ ချန်ပီယံအဖြစ် ရွှေဖလားကြီးသိမ်းပိုက်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးကွာနေတာပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။