သူငယ်ချင်းအတွက် UFC ဖလားကို စွန့်လွှတ်ရဲသူ ချန်ပီယံ Tom Aspinall

လက်ရှိ UFC ဟဲဗီးဝိတ်ချန်ပီယံ Tom Aspinall သည် သူ၏ရင်းနှီးသော သူငယ်ချင်းနှင့် လေ့ကျင့်ဖော်ဖြစ်သူ Ante Delija နှင့် ထိုးသတ်ရမည့် အခြေအနေမျိုး ကြုံလာပါက ချန်ပီယံခါးပတ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ Aspinall အနေဖြင့် ချန်ပီယံဘွဲထက် သူငယ်ချင်းသံယောဇဉ်ကို ပိုမိုတန်ဖိုးထားကြောင်း ပြသခဲ့သည်။

သူငယ်ချင်း Delija အတွက် ဖလားစွန့်လွှတ်မည်
“ShxtsnGigs Podcast” တွင် ပါဝင်ခဲ့သော Aspinall ကို ‘အကောင်းဆုံးသူငယ်ချင်းနဲ့ ခါးပတ်အတွက် ထိုးမလား၊ ဒါမှမဟုတ် ခါးပတ်ကို စွန့်လွှတ်ပြီး ဘယ်တော့မှ ပြန်မရတော့မလား’ ဟူသည့် မေးခွန်းကို မေးမြန်းခဲ့ရာတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ Delija အကြောင်း ချက်ချင်းပြေးမြင်မိခဲ့ကြောင်း ဖြေကြားခဲ့သည်။

Delija သည် ယခုမှ UFC သို ရောက်ရှိလာသူဖြစ်သော်လည်း ပွဲဦးထွက်တွင်ပင် Marcin Tybura ကို ပထမအချီ၌ အလဲထိုးဖြင့် အနိုင်ရကာ ဟဲဗီးဝိတ် ထိပ်ဆုံး ၁၀ ယောက်စာရင်း ထဲသို ဝင်ရောက်လာခဲ့သည်။ ထိုကြောင့် Delija မှာ ချန်ပီယံလုပွဲအတွက် နှစ်ပွဲသုံးပွဲခန့်သာ လိုတော့ကြောင်း Aspinall က သုံးသပ်သည်။

Aspinall က သူသည် ချန်ပီယံဆုကို မရဖူးသေးပါက မိမိ၏အိပ်မက်အတွက် Delija နှင့် ထိုးသတ်ရမည်ဖြစ်သော်လည်း၊ ယခုအခါ ရွှေခါးပတ်ကို ဆွတ်ခူးပြီးစီးပြီဖြစ်သည့်အတွက် ချန်ပီယံနေရာကို စွန့်လွှတ်ကာ Delija အတွက် လမ်းဖွင့်ပေးလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ “ကျွန်တော် သူ့ကို လုံးဝမထိုးဘူး။ သူက ကျွန်တော့်ရဲ့လူပဲ” ဟု သူငယ်ချင်းအပေါ်ထားရှိသည့် သံယောဇဉ်ကို အခိုင်အမာ ပြောခဲ့သည်။ ငွေကြေးနှင့် ဖလားများထက် ပိုအရေးကြီးသည့် အရာများ ရှိကြောင်းလည်း Aspinall က ဆိုခဲ့သည်။

Aspinall ၏ ချန်ပီယံခရီး ပရော်ဖက်ရှင်နယ် ကစားသမားသက် ၁၁ နှစ်အတွင်း Aspinall သည် UFC တွင် ထိုးသတ်ခဲ့သည့် ၉ ပွဲအနက် ၈ ပွဲကို အနိုင်ရရှိခဲ့ပြီး ၎င်း၏ တစ်ခုတည်းသော ရှုးပွဲမှာလည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် Curtis Blaydes နှင့် ပထမဆုံး ထိုးသတ်စဉ် မတော်တဆ ဒဏ်ရာ ကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သည်။ ၎င်းရှုးပွဲအတွက် Blaydes ကို ဒုတိယအကြိမ် ထိုးသတ်ရာတွင် စက္ကန့် ၆၀ အတွင်း အလဲထိုးဖြင့် လက်စားချေခဲ့သည်။ Aspinall သည် သူ၏ ပရိုပွဲ ၁၅ ပွဲစလုံးကို အလဲထိုး (KO/TKO) သိုမဟုတ် အချုပ် (Submission) ဖြင့်သာ အနိုင်ရခဲ့သော စံချိန်ကောင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့ တွင် ကျင်းပမည့် UFC 321 ပွဲစဉ်၏ အဓိကပွဲစဉ်တွင် Aspinall သည် သူ၏ ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို Ciryl Gane နှင့် ယှဉ်ပြိုင်ကာ ဒုတိယအကြိမ် ကာကွယ်ရန် ပြင်ဆင်နေသည်။

Aspinall သည် ၎င်း၏ ချန်ပီယံကာလ ပြီးဆုံးသွားသည့်အခါ Delija အား ချန်ပီယံနေရာကို လွှပြောင်းပေးနိုင်မည့် လမ်းကြောင်းဖြစ်လာရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။