လီဗာပူးလ်အသင်းမှာ ဦးဆောင်မှုအရည်အသွေး ချိုတဲ့နေတာက စိုးရိမ်စရာဖြစ်နေတယ်လို့ ရွန်နီ သုံးသပ်

လီဗာပူးလ်အသင်းမှာ ဦးဆောင်မှုအရည်အသွေး ချို့တဲ့နေတာက စိုးရိမ်စရာဖြစ်နေတယ်လို့ ရွန်နီ သုံးသပ်

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လီဗာပူးလ်အသင်းမှာ ဦးဆောင်မှုအရည်အသွေး ချို့တဲ့နေတာက စိုးရိမ်စရာဖြစ်နေတယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ လတ်တလောမှာ ပရီးမီးယားလိဂ်(၄)ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်(၇)နေရာ ရောက်သွားခဲ့ပြီး ဒီရှုံးပွဲအရေအတွက်က ပြီးခဲ့တဲ့တစ်ရာသီလုံးက ရှုံးပွဲအရေအတွက်နဲ့လည်း တူညီခဲ့ပါတယ်။

အခုလို လီဗာပူးလ်အသင်းရဲ့ ယိမ်းယိုင်မှုအတွက် သုံးသပ်မှုအမျိုးမျိုး ပြုလုပ်နေကြရာမှာ ရွန်နီကတော့ ဦးဆောင်မှုအရည်အသွေး ချို့တဲ့နေတာကြောင့် လီဗာပူးလ်အသင်း ရုန်းကန်နေရတာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။

”အသင်းမန်နေဂျာနဲ့ ဦးဆောင်ကစားသမားတွေက ရင်ဆိုင်နေရတဲ့ပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်အောင် ကြိုးစားရမယ့်အချိန်ပါ။ ဗန်ဒိုက်နဲ့ ဆာလာတို့က စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ကြပေမဲ့ ဒီရာသီမှာ အသင်းကို အမှန်တကယ်ဦးဆောင်နိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကိုယ်ဟန်အမူအရာ(Body Language)က စကားအများကြီး ပြောပါတယ်။ သူတို့ရဲ့ ကိုယ်ဟန်အမူအရာက အရင်နဲ့ ခြားနားမှုရှိနေတယ်လို့ ထင်ပါတယ်။ သူတို့က အသင်းရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တာကြောင့် သူတို့ရဲ့ ကိုယ်ဟန်အမူအရာ မမှန်ကန်ခဲ့ရင် ကျန်တဲ့သူတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ကျွန်တော့်အမြင် မှားနိုင်ပေမဲ့ ကျွန်တော်သာ လီဗာပူးလ်ပရိသတ် ဒါမှမဟုတ် မန်နေဂျာတစ်ယောက်ဆိုရင် ဒါက ကျွန်တော့်အတွက် စိုးရိမ်ပူပန်စရာပါပဲ” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း (၇)မှတ်ကွာဟသွားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။