မန်ယူအသင်းမှာ ဒါလော့ ကျောနံပါတ် (၂) ပြောင်းလဲဝတ်ဆင်မယ်

မန်ယူအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ဒါလော့ဟာ လာမယ့်ရာသီမှာ ကျောနံပါတ်(၂) ပြောင်းလဲဝတ်ဆင်မယ်လို့ သိရပါတယ်။

မန်ယူအသင်းကို ၂၀၁၈ ခုနှစ်ကတည်းက ရောက်ရှိခဲ့တဲ့ ဒါလော့ဟာ ကျောနံပါတ်(၂၀)ကိုသာ ဝတ်ဆင်ခဲ့ရာက အပြောင်းအလဲလုပ်မှာဖြစ်ပါတယ်။

မန်ယူအသင်းမှာ ပြီးခဲ့တဲ့ရာသီအထိ ကျောနံပါတ်(၂)ကို ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်က ဝတ်ဆင်ခဲ့ပြီး ဒီနွေမှာ လင်ဒီလော့ဖ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်တာကြောင့် ဒါလော့ကို ကျောနံပါတ်(၂) ပေးအပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

မန်ယူအသင်းမှာ ကျောနံပါတ်(၂)ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေထဲ အအောင်မြင်ဆုံးက ဂယ်ရီနဗီးလ်ဖြစ်ပြီး ၁၉၉၄ ကနေ ၂၀၁၁ အထိ ဝတ်ဆင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကစားသမားသစ် ကူညာက ရပ်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး မန်ယူအသင်းက လူူငယ်ကစားသမား(၃)ဦး ဝတ်ဆင်ကစားမယ့် ကျောနံပါတ်တွေကိုလည်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။