ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု

ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ကူညာဟာ လေ့ကျင့်ရေးမှာ ဦးခေါင်းဒဏ်ရာရခဲ့လို့ အဲဗာတန်နဲ့ပွဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်တယ်။

ဒါပေမဲ့ ၎င်းဟာ လာမယ့်အပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်လည်ကစားဖို့ ရှိနေပါတယ်။

ရှက်ရှကိုနဲ့ နောက်ခံလူ မက်ဂွိုင်းရားကတော့ ဒီထက်ပိုပြီး အနားယူရဖို့ များပါတယ်။

”နောက်တစ်ပွဲမှာ မားသီးယပ်စ်(ကူညာ)ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရှက်ရှကိုကတော့ အနည်းငယ် အချိန်ထပ်ယူရမယ်။ ဟယ်ရီ(မက်ဂွိုင်းရား)လည်း အတူတူပါပဲ”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် အခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။