ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို ဆွေးနွေးနေ

ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေ

အင်္ဂလန်ဘောလုံးလိဂ်(EFL) ဘုတ်အဖွဲ့ဟာ ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။

လက်ရှိပုံစံကတော့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးရပ်တည်မှုရရှိတဲ့နှစ်သင်း ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရရှိပြီး အဆင့်(၃)နေရာကနေ အဆင့်(၆)နေရာအထိ ရပ်တည်တဲ့ အသင်း(၄)သင်းက Play-offs ယှဉ်ပြိုင်ကစားပြီးမှ ဗိုလ်စွဲတဲ့အသင်း တန်းတက်ခွင့်ရတာဖြစ်ပါတယ်။

အခု EFL ရဲ့ ဘုတ်အဖွဲ့က အဆင့်(၃)ကနေ အဆင့်(၈)နေရာရရှိတဲ့အသင်းအထိ စုစုပေါင်း အသင်း(၆)သင်းကို Play-offs ယှဉ်ပြိုင်ကစားစေဖို့ ဆွေးနွေးနေခြင်းဖြစ်ပြီး ဒီရာသီမှာတော့ အရင်ပုံစံအတိုင်း အဆင့်(၃)ကနေ အဆင့်(၆)အထိသာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။

ဒါ့အပြင် EFL ဘုတ်အဖွဲ့ရဲ့ ဆွေးနွေးမှုက အောင်မြင်ခဲ့ရင်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နဲ့ ပရီးမီးယားလိဂ်ရဲ့ သဘောတူညီချက် ရရှိဖို့ လိုအပ်ဦးမယ်လို့ သိရပါတယ်။

အခုလို Play-offs ယှဉ်ပြိုင်မှုအတွက် အသင်းအရေအတွက် တိုးမြှင့်ဖို့ စီစဉ်တာက ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် အခွင့်အရေးပိုမိုရရှိစေဖို့ဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။