ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ဟာလန်းပဲရမှာလား

လက်ရှိရာသီပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုအတွက်မန်စီးတီးတိုက်စစ်မှူး ဟာလန်း ရေပန်းစားနေပါတယ်။

ဟာလန်းက လက်ရှိရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ၉ ဂိုးသွင်းထားပြီးပြီ။ တကယ့်ကို
အံ့မခန်းစွမ်းဆောင်ရည်ပါ။

ဟာလန်းအတွက်ပိုပြီးဂုဏ်ယူစရာကောင်းတာကသူ့ရဲ့လက်ရှိရာသီပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးမှာ
ပယ်နယ်တီတစ်ဂိုးမှ မပါဝင်တာပါ။

ပရီးမီးယားလိဂ်ရေးရာကျွမ်းကျင်သူတွေကဂိုးသွင်းဘုရင်ဆုကို ရာသီကုန်ရင် ဟာလန်းပဲရလိမ့်မယ်လို
ခန့်မှန်းနေကြပါပြီ။

လက်ရှိရာသီအစစွမ်းဆောင်ရည်က ဟာလန်းရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ အကောင်းဆုံးရာသီစတင်မှုမဟုတ်သေးဘူး။

၂၀၂၂-၂၃ ရာသီမှာဟာလန်းကရာသီအစ ၇ ပွဲကစားပြီးချိန်၁၁ ဂိုးအထိသွင်းယူခဲ့ဖူးတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ဟာလန်းရဲ့သွင်းဂိုးအရှိန်အဝါထည်ဝါခဲ့ပြီး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၀ ဂိုး
သွင်းယူနိုင်ခဲ့တယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာဆာလာက ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ရခဲ့လို
ဟာလန်း မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။

ဟာလန်းရဲ့xG တန်ဖိုးက တစ်ပွဲပျမ်းမျှ ၀ ဒဿမ ၂၇ရှိနေပြီး သွင်းဂိုးကိုဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းက၂၇ ရာခိုင်နှုန်းနဲ့ အတော်လေးကောင်းမွန်နေတယ်။ပြီးခဲ့တဲ့ရာသီမှာ ဟာလန်းရဲ့xG တန်ဖိုးက
၀ ဒဿမ ၁၇ ကြိမ်သာရှိခဲ့တာပါ။

ဟာလန်းရဲ့တစ်ကိုယ်ရေစာဂိုးသွင်းနှုန်း၊အခွင့်အရေးရရှိနှုန်း၊ xG တန်ဖိုးမြင့်တက်နေလို
ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံး
ဖြစ်လာတာပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။