ထိုင်းဖိုက်လိဂ်မွေထိုင်းပြိုင်ပွဲမှာ တရုတ်ဖိုက်တာကို စောအေးစီး အနိုင်ရခဲ့

ယခုတစ်ပတ်ကျင်းပတဲ့ ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးဟာ တရုတ်ဖိုက်တာ မရှင်းဟု (Ma Xinhu) ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ World Siam Stadium မှာ ကျင်းပပြုလုပ်ခဲ့ပြီး တွဲဆိုင်း ခုနှစ်ဆိုင်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပြိုင်ပွဲမှာ မြန်မာဖိုက်တာ စောအေးစီးနဲ့ တရုတ်ဖိုက် တာ မရှင်းဟုတိုဟာ မွေထိုင်း (၆၀) ကီလိုတန်း ပွဲစဉ် (၃) မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။

ပထမအချီစကတည်းက ဖိုက်တာနှစ်ဦးစလုံးဟာ တိုက်စစ်ဖွင့်ပြီး ဆိုင်ထိုး ပြိုင်ထိုးခဲ့လို အကြိတ်အနယ်ရှိခဲ့ပါတယ်။

ဖိုက်တာနှစ်ဦးစလုံး လက်သီးကိုသာ အဓိကအားပြုခဲ့ပြီး ရင်ဆိုင်ထိုးခဲ့​လို အထိနာခဲ့ကြပါတယ်။

ဒုတိယအချီမှာ မြန်မာဖိုက်တာ စောအေးစီးက ပိုဖိထိုးလာခဲ့ပြီး လက်ရည်အသာရခဲ့ပါတယ်။

စောအေးစီးဟာ ဒုတိယအချီကစပြီး အတင်းဝင် အတင်းထွက်ထိုးခဲ့သလို လူချင်းအပူးမှာ ဘယ်တံတောင်ရိုက်ချက်၊ ညာခြေကန်ချက်တွေကို အသုံးပြုခဲ့ပါတယ်။

စောအေးစီးရဲ့ ထိုးချက်၊ တံတောင်ရိုက်ချက်တွေ
ကြောင့် တရုတ်ဖိုက်တာ နှာခေါင်းကွဲကာ သွေးများကျလာခဲ့ပါတယ်။

တတိယအချီမှာ တရုတ်ဖိုက်တာက အတင်းဖိအားပေးထိုးလာတာကြောင့် မြန်မာဖိုက်တာ စောအေး စီးက ပါးနပ်စွာနဲ့ Counter စောင့်ထိုးခဲ့ပြီး ထောက်လက်သီးများကို အားပြုသုံးခဲ့ပါတယ်။

တတိယအချီမှာလည်း စောအေးစီးရဲ့ ထောက်လက်သီးများကြောင့် တရုတ်ဖိုက်တာ အထိနာခဲ့ရပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ မြန်မာဖိုက်တာ စောအေးစီးက အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။