ဆာကာရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို အာတေတာ စိုးရိမ်

အာဆင်နယ်အသင်းနည်းပြ အာတေတာက တောင်ပံတိုက်စစ်ကစားသမား ဆာကာရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို အလွန်အမင်းစိုးရိမ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်ရဲ့ အခုရာသီ အိမ်ကွင်းပွဲဦးထွက် လိဒ်စ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ တံကောက်ကြောဒဏ်ရာရခဲ့လို့ ၅၃ မိနစ်မှာပဲ ထရိုဆတ်ဒ်နဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။

ဆာကာမတိုင်ခင် အသင်းခေါင်းဆောင် အော်ဒီဂွါလည်း ပခုံးဒဏ်ရာရခဲ့လို့ ၃၈ မိနစ်မှာ လူငယ်ကြယ်ပွင့် နွမ်နယ်ရီနဲ့ လူစားလဲခဲ့ရပါတယ်။

”ဘူကာယို(ဆာကာ)ဟာ ဘောလုံးနဲ့အတူ သယ်ပြေးချိန် ပြိုင်ဘက်နောက်ခံလူနဲ့ ရင်ဆိုင်ခဲ့ပြီး တံကောက်ကြောက နာကျင်မှုဝေဒနာ ခံစားခဲ့ရပါတယ်။ ဒါက တခြားတံကောက်ကြောဒဏ်ရာလို့ ယူဆပါတယ်။ အရင်ရခဲ့တဲ့ဒဏ်ရာနဲ့ မတူပါဘူး”လို့ အာတေတာက ပြောခဲ့ပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာနဲ့ လေးလနီးပါး အနားယူခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးခင်ကလည်း တိုက်စစ်ကစားသမား ဟာဗက်ဇ် ဒူးဒဏ်ရာရခဲ့လို့ ကာလကြာရှည် အနားယူရမှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။