ဂျိုတာကို အသင်းရဲ့ Hall of Fame ထဲ ထည့်သွင်းလိုက်ကြောင်း ဝုလ်ဗ်အသင်း ကြေညာ

ဝုလ်ဗ်အသင်းက ကားမတော်မဆမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ ကစားသမားဟောင်း ဂျိုတာကို အသင်းရဲ့ Hall of Fame ထဲ ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီယိုဂိုဂျိုတာဟာ ဝုလ်ဗ်အသင်းမှာ အငှားကစားသမားဘဝ အပါအဝင် (၃)ရာသီကစားခဲ့သူဖြစ်ပြီး ဝုလ်ဗ်အသင်း ပရီးမီးယားလိဂ်တန်းတက်ခွင့်ရခဲ့ရာမှာ အဓိကနေရာက ခြေစွမ်းပြခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဝုလ်ဗ်အသင်းက ဂျိုတာကို လီဗာပူးလ်အသင်းထံ ရောင်းထုတ်ခဲ့ခြင်းကလည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။

ဂျိုတာဟာ ဇူလိုင် (၃)ရက်မှာ ကားမတော်တဆမှုဖြစ်ပြီး ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ စပိန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တာပါ။

ဝုလ်ဗ်အသင်းက ဂျိုတာရဲ့ အသင်းအတွက် ကူညီပေးခဲ့တဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်နဲ့ ဘောလုံးကမ္ဘာကနေ ထူးထူးခြားခြားထွက်ခွာသွားခဲ့ရခြင်းအတွက် အခုလို ဂုဏ်ပြုရခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဝုလ်ဗ်အသင်းက ဆယ်လ်တာဗီဂိုနဲ့ ကစားမယ့် ခြေစမ်းပွဲနဲ့ မန်စီးတီးနဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွေကို ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့ရဲ့ အမှတ်တရအဖြစ် ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။