၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ မက်ဆီ ရည်မှန်းထား

★ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု
ကာကွယ်နိုင်ဖို့ မက်ဆီ ရည်မှန်းထား

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC News နဲ့ အင်တာဗျူးမှာ မက်ဆီက အခုလိုပြောခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ၎င်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခြင်း ရှိ၊ မရှိကို မဆုံးဖြတ်ရသေးဘူးလို့လည်း ထပ်မံဝန်ခံခဲ့ပါတယ်။

”အမှန်တရားကတော့ အဲဒါပါပဲ။ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားခွင့်ရတာ အံ့အားသင့်စရာကောင်းတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်လည်း ကစားချင်ပါတယ်။ ကျွန်တော် ကစားမယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်းကို ကူညီရာမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ရှိချင်ပါတယ်။ လာမယ့်နှစ် အင်တာမိုင်ယာမီနဲ့ ရာသီကြိုပြင်ဆင်မှု စတင်ချိန်မှာ တစ်နေ့ပြီးတစ်နေ့ အကဲဖြတ်သွားပါမယ်။ ကျွန်တော် ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိလား ကြည့်ရမယ်။ ပြီးတော့ ကျွန်တော် အမှန်တကယ် စိတ်အားထက်သန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လို့ပါပဲ။ ပြီးတော့ ကွင်းထဲမှာ ချန်ပီယံဆုကို ကာကွယ်ရတာ တကယ်ကြီးကျယ်ခမ်းနားပါတယ်။ လက်ရွေးစင်အသင်းနဲ့ အတူကစားရတာကလည်း ကျွန်တော် အမြဲအိပ်မက်မက်နေတဲ့ အရာပါပဲ။ အထူးသဖြင့်
ပြိုင်ပွဲကြီးတွေမှာပေါ့။ ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ မက်ဆီက ပြောခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ မေဂျာလိဂ် regular season မှာ ၂၈ ပွဲကစား ၂၉ ဂိုးသွင်းခဲ့ပြီး ဂိုးအများဆုံး (ရွှေဖိနပ်)ဆု ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင် တန်ဖိုးအရှိဆုံးကစားသမားဆု(MVP)ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားပြီး ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့ အလားအလာကောင်းနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။