ခရစ္စတယ်ပဲလေ့စ် – ဗယ်လက်ကာနို ( မေ ၂၈ ရက် နံနက် ၁:၃၀ နာရီ)
ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံက လိုက်ပ်ဇစ်ကွင်းမှာ ကစားသွားမှာပါ။ ခရစ္စတယ်ပဲလေ့စ်က ပိုရေပန်းစားတဲ့အသင်းဖြစ်ပြီး မာတီတာ၊ အစ္စမေလာဆား၊ ပင်နိုတို့ရဲ့ တိုက်စစ်စုဖွဲ့မှုကလည်း အားရစရာကောင်းပါတယ်။ အဓိက ပြောချင်တာက ဝါတန်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်လာနိုင်သူလို့ ဆိုရပါမယ်။ ဗယ်လက်ကာနိုကတော့ လာလီဂါမှာ ပုံစံကောင်းပြခဲ့ပေမဲ့ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တယ်။ ဒါကြောင့်လည်း ဒီဗိုလ်လုပွဲအတွက် ဂရုတစိုက်ပြင်ဆင်လာလိမ့်မယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်ကိုတော့ ဗယ်လက်ကာနိုအသင်း ခက်ခက်ခဲခဲရင်ဆိုင်ရဖို့များပါတယ်။ အစ္စမေလာဆားတို့ တိုက်စစ်အစုအဖွဲ့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချန်ပီယံဆုကို ရယူသွားလိမ့်မယ်။