ဥရောပစူပါဖလားက စိတ်လှုပ်ရှားစရာစိန်ခေါ်မှုဖြစ်ကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က ဥရောပစူပါဖလားဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်ဟာ ပြီးခဲ့တဲ့ဇွန်လကမှ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲ(၆)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ (၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုးခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်က စပါးအသင်းကို ယူရိုပါလိဂ်အောင်ပွဲအပေါ် အခြေပြုတည်ဆောက်သွားမှာဖြစ်ကြောင်းနဲ့ ဥရောပစူပါဖလားပွဲ ကစားရမှာ၊ ချန်ပီယံလိဂ်ယှဉ်ပြိုင်ရမှာတွေကို စိတ်လှုပ်ရှားကြောင်း ပြောကြားခဲ့ပါတယ်။

ဥရောပစူပါဖလားနဲ့ပတ်သက်ပြီး သောမတ်စ်ဖရန့်ခ်က ” နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ ဗိုလ်လုပွဲက အတွေ့အကြုံတချိုကို လာမယ့်ပွဲမှာ အသုံးပြုနိုင်ဖို မျှော်လင့်ပါတယ်။ PSG က ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်ပြီး ပွဲထွက်ကစားသမား(၁၁)ဦးစလုံးကလည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တိုအတွက် စိတ်လှုပ်ရှားစရာစိန်ခေါ်မှုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ ဗိုလ်လုပွဲ ကစားရမယ့်အချိန်မှာ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ အနိုင်ရအောင်ကြိုးစားဖိုပါပဲ။ ကျွန်တော်တို ဒီပွဲကို စမ်းသပ်မှုတစ်ခုလို မမြင်ပါဘူး။ အသင်းကောင်းနှစ်သင်း ရင်ဆိုင်တွေ့တာပါ။ ကျွန်တော်တို အနိုင်ရချင်ပါတယ်” လို ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။