အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ

အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။

မက်ဆီဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ်(၃)ပွဲမှာ ကိုယ်တိုင်(၅)ဂိုးသွင်းပြီး (၅)ဂိုးဖန်တီးပေးခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။

မက်ဆီအနေနဲ့ လအလိုက်အကောင်းဆုံးကစားသမားဆုကို ဒီရာသီအတွင်း (၃)ကြိမ်မြောက်(မေ၊ ဇူလိုင်၊ အောက်တိုဘာ)ရရှိခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီမှာ ကစားခဲ့တဲ့သက်တမ်းအတွင်းဆိုရင်တော့ (၅)ကြိမ်မြောက်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

မက်ဆီဟာ ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို (၂၉)ဂိုးနဲ့ ရယူနိုင်ခဲ့ပြီဖြစ်သလို၊ အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်တိုက်ရရှိဖို့လည်း အလားအလာကောင်းနေပါတယ်။

အင်တာမိုင်ယာမီအသင်းက မကြာခင်စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။