အာဆင်နယ်ရဲ့သူရဲကောင်းပြန်ဖြစ်လာတဲ့ မာတင်နယ်လီ

မာတင်နယ်လီက အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာအာဆင်နယ်အတွက် ဂိုးသွင်းလိုက်ပြန်ပြီ။
သူကအာဆင်နယ်မှာအရန်လူဖြစ်နေပေမယ့်အာဆင်နယ်ပရိသတ်တွေကိုယ်တိုင် မေ့ထားခဲ့ကြပေမယ့်
ကစားခွင့်ရချိန်တိုင်းအစွမ်းပြနေပါတယ်။

အာတီတာ ရဲ့ Tactical style ဟာ မာတင်နယ်လီပိုင်ဆိုင်ထားတဲ့ ပင်ကိုတိုက်စစ်စွမ်းရည် တွေကို သ-တ်သလိုဖြစ်နေတယ်။ မာတင်နယ်လီကိုယ်တိုင်ပြောင်းလဲယူရမှာတွေရှိသလို၊အာတီတာဘက္ က နည်းဗျူဟာ အပြောင်းအလဲ
မာတင်နယ်လီကို အခွင့်အရေးရစေမယ့်အရာမျိုးလုပ်ပေးဖိုလည်းလိုအပ်နေတယ်။

မာတင်နယ်လီအားသာတာက အရေးပါတဲ့ဘောလုံးဆွဲပြေးမှုနဲ့ သယ်ဆောင်မှုပါ။
အက္ဇီးက အဆုံးသတ်စွမ်းရည်ပိုကောင်းမွန်ပြီး
တိုက်စစ်ထုတ်ကုန်၊ တည်ငြိမ်မှု၊ ဖန်တီးနိုင်စွမ်းလည်းထက်မြက်ပါတယ်။ မာတင်နယ်လီက အမြန်နှုန်း နဲ့ off-ball movement ကောင်းပေမယ့်၊ အာတီတာရဲ့ နည်းဗျူဟာအပြောင်းအလဲနဲ့မကိုက်ညီလို၊ အက်ဇီးရောက်လာတာဟာ မာတင်နယ်လီ အတွက်
ကီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။

အဲဒီခြိမ်း-ခြောက်မှုကို မာတင်နယ်လီက Super Sub အဖြစ်အံတုပြနေတယ်။ ဘီလ္ဘာအို၊ မန်စီးတီးနဲ့ ပွဲတွေမှာ
မာတင်နယ်လီက လူစားဝင်ကာ ဂိုးတွေသွင်းပြီးသူ့အစွမ်းအစပြသခဲ့တယ်။အာဆင်နယ်ပရိသ-တ်ရဲ့ ယုံကြည်စိတ်ကို
ပြန်လည်မျှားယူခဲ့တယ်။

အာတီတာရဲ့Game Changer တစ်ယောက်ဖြစ်လာပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။