အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်

အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်

ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။

ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ အာဆင်နယ်ကတားဆီးမရနိုင်ဘဲ ချန်ပီယံဆုတွေ မျှော်လင်ခွင့်ရှိနေတာပါ။

စိုက်ပျိုးချိန် လွန်မြောက်ရင် ရိတ်သိမ်းချိန်ဆိုတာရှိစမြဲ၊ တခါတလေမှာ မမြင်နိုင်တဲ့ အနှောင့်အယှက်ကြောင့် ရိတ်သိမ်းချိန်ဟာ နောက်ကျချင်နောက်ကျနိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ စွမ်းစွမ်းတမံ စိုက်ပျိုးထားသူအတွက် ပျော်ရွှင်ရမယ့်အချိန်
ရောက်လာစမြဲပါပဲ။

အာတီတာပြုစုပျိုးထောင်ထားတဲ့ အာဆင်နယ်ဉယျာဉ်က ခမ်းနားလှပနေပြီ။ ဖလားလက်မဲ့အဖျက်ပိုးတွေကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါပြီ။

အောင်ပွဲတွေဝေဝေဆာဆာဖူးဝေနေမယ့် ရိတ်သိမ်းချိန်ရောက်လာတော့ပါမယ်။

အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ခေတ် ပထမအာဆင်နယ်နိုင်ငံတော်ကို တည်ထောင်နိုင်သူဆိုရင်
အာတီတာက ဒုတိယအာဆင်နယ်နိုင်ငံတော်ကို ဖန်ဆင်းပေးနေသူပါ။

အာဆင်နယ်ကို လိုတာထက်ပိုပြီး လှောင်ပြောင်ကြတယ်။ အမြဲတမ်းဒုတိယလူအဖြစ် နှိမ်ချချင်ကြတယ်။ ချန်ပီယံလိဂ်ဖလားမရဖူးတာကို လက်ညိုးထိုးကြတယ်။

အာတီတာရဲ့ဖလားလက်မဲ့ရာသီတွေက အနည်းငယ်ရှည်ကြာခဲ့ပါတယ်။ ဒါပေမဲ့
အခြားတဘက်မှာ အာဆင်နယ်ရဲ့ အောင်ပွဲဆာလောင်စိတ်ဟာ တောက်-ေ-လ-ာင် နေတယ်။

ပရီးမီးယားလိဂ်မှာ အနီးဆုံးပြိုင်ဘက် ချယ်လ်ဆီးကို ရမှတ် ၆ မှတ်ဖြတ်ထားတာ၊ ချန်ပီယံလိဂ်မှာ
၅ ပွဲကစား၊ ၅ ပွဲနိုင်ထားတာ၊ အဲဒီစွမ်းရည်တွေဟာ မှော်ဆန်လွန်းပါတယ်။

အာဆင်နယ်ကနှစ်ပေါင်း ၂၀ ကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား၊ တသက်မှာတခါမှမရဖူးတဲ့ ချန်ပီယံလိဂ်ဖလားတွေကို တကယ်သိမ်းပိုက်နိုင်မလား

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။