အခုတစ်ပတ် ယှဥ်ပြိုင်မယ့် ပြင်သစ်လီဂူးပွဲမှာ မိုနာကိုအသင်းအတွက် ပေါ့ဘာ ပွဲဦးထွက်ဖွယ်ရှိ

နာမည်ကျော် ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုတစ်ပတ် ယှဥ်ပြိုင်မယ့် ပြင်သစ်လီဂူးပွဲမှာ မိုနာကိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ယှဥ်ပြိုင်ကစားဖွယ်ရှိနေကြောင်း သိရပါတယ်။

ပေါ့ဘာ( ၃၂ နှစ်) ဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ မန်ယူကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ဖူးသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်လည်း ညွှန်းဆိုခံခဲ့ရဖူးပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန်ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို၊ တားမြစ်ဆေးပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် ကစားသမားဘဝ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။

မိုနာကိုအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ခေါ်ယူထားပေမဲ့ လက်ရှိအချိန်အထိ ကစားခွင့်မရသေးတာကြောင့် ပေါ့ဘာအနေနဲ့ ပွဲကစားခွင့်မရတာ ၂၆ လ ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုက တိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် ရန်းစ်အသင်းနဲ့ ယှဥ်ပြိုင်မယ့်ပွဲမှာ ပါဝင်ကစားခွင့်ရဖွယ်ရှိကြောင်း L’ Equipe က ဖော်ပြခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။