အက်သလက်တီကိုအသင်းအတွက် ဂိုး(၂၀၀)ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဂရီးဇ်မန်း မှတ်တမ်းဝင်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ဖရန့်ဖတ်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းအတွက် ဂိုး(၂၀၀)ပြည့်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ကစားသမား ဂရီးဇ်မန်း(၃၄ နှစ်)ဟာ အက်သလက်တီကိုအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်တာကြောင့် ဂိုး(၂၀၀)ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပါ။

ဂိုး(၂၀၀)ပြည့် သွင်းယူပြီးချိန်မှာ ဂရီးဇ်မန်းက ”Grizi” ဆိုတဲ့အမည်ပြောင်နဲ့ ”200” ဆိုတဲ့ ကိန်းဂဏန်း ရေးထိုးထားတဲ့ အကျင်္ကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။

ပြီးတော့ ”အခုလိုအမှတ်အသားကို ရောက်ရှိလာတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပြီး အရမ်းလည်း ဂုဏ်ယူပါတယ်။ ဒါဟာ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး” လို ဂရီးဇ်မန်းက ပြောကြားခဲ့ပါတယ်။

ဂရီးဇ်မန်းဟာ ပြင်သစ်ကစားသမားဖြစ်ပေမဲ့ စပိန်ကလပ်တွေမှာသာ ကစားခဲ့သူဖြစ်ပြီး အက်သလက်တီကိုအသင်းမှာ ၂၀၁၄ ကနေ ၂၀၁၉ အထိ တစ်ကြိမ် ကစားခဲ့ပြီးနောက် ၂၀၂၂ ကနေ လက်ရှိအချိန်အထိ ပြန်လည်လက်တွဲကစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။