လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို ကြံ့ခိုင်မှုပြည့်နေပြီလို အီဆက်ခ် ကြုံးဝါး

လီဗာပူးလ်အသင်းတိုက်စစ်မှူး အီဆက်ခ်က အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို ကြံ့ခိုင်မှုပြည့်နေပြီလို ကြုံးဝါးခဲ့ပါတယ်။

အီဆက်ခ်(၂၆ နှစ်)ဟာ လီဗာပူးလ်နဲ့ နွေရာသီကာလတစ်လျှောက်လုံး သတင်းတွေထွက်ခဲ့ပြီး အဆုံးသတ်မှာ ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

စက်တင်ဘာလ ၂၃ ရက်က လိဂ်ဖလားပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက်ကစားခွင့် ရခဲ့ပြီး အခြားသုံးပွဲလည်း ပွဲထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်အထိ လီဗာပူးလ်အသင်းအတွက် ပွဲချိန် မိနစ် ၉၀ စလုံး ကစားခွင့်မရဘဲ ဖြစ်နေတာပါ။

”ကျွန်တော် အသင့်ဖြစ်နေပြီလို ထင်ပါတယ်။ လိုအပ်ရင် မိနစ် ၉၀ စလုံးကစားဖို ကျွန်တော် အသင့်ရှိနေပါတယ်”လို အီဆက်ခ်က ပြောခဲ့ပါတယ်။

အီဆက်ခ်ဟာ လီဗာပူးလ်အသင်းကို ရောက်လာပြီးကတည်းက ပွဲချိန်ပြည့်မကစားရသေးပေမဲ့ ခြောက်ပွဲကစားကာ တစ်ဂိုး သွင်းယူထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။