လိဂ်ဖလားဒုတိယအဆင့်နှင့် လာလီဂါပွဲကြိုသုံးသပ်ချက်

ဂရင့်ဇ်ဘီ နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဂရင့်ဇ်ဘီက League Two က အသင်းဖြစ်တာကြောင့် မန်ယူအသင်းနဲ့ အဆင့်ချင်းကွာခြားလွန်းပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီအဖွင့်(၆)ပွဲစလုံး ရှုံးပွဲမရှိအောင် ကစားထားနိုင်တာကိုတော့ သတိပြုရမှာပါ။ မန်ယူနည်းပြ အာမိုရင်မ်က ဒီပွဲမှာ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ဖို့ရှိနေပြီး တိုက်စစ်မှူး ရှက်ရှကို ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။ ဂိုးသမား အိုနာနာလည်း ပြန်ပါလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ မန်ယူအသင်း ဒီပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲနဲ့ ပရိသတ်ကို ချွေးသိပ်ပါလိမ့်မယ်။

ဆယ်လ်တာဗီဂို နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီပွဲက လာလီဂါပွဲစဉ်(၆)မှာ ကစားရမယ့်ပွဲကို ကြိုကစားတာပါ။ လက်ရှိအနေအထားကတော့ ဆယ်လ်တာဗီဂိုက ရာသီအဖွင့်နှစ်ပွဲမှာ နိုင်ပွဲမရသေးဘဲ ဘက်တစ်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပါတယ်။ ထိပ်တိုက်ဆုံတွေ့မှုမှတ်တမ်းအရတော့ အိမ်ကွင်းမှာ အသာစီးယူတတ်တဲ့အသင်းတွေပါ။ နောက်ဆုံးဆုံ တွေ့ခဲ့တဲ့ (၅)ပွဲဆက် အပြန်အလှန်ဂိုးတွေ မြင်တွေ့ခဲ့ရပါတယ်။ အိမ်ရှင်ကိုပဲ ပိုကြိုက်ပါတယ်။

အခြားပွဲစဉ်များ

အောက်စ်ဖို့ဒ် – ဘရိုက်တန်*

*ဖူလ်ဟမ် – ဘရစ္စတိုးလ်

*အဲဗာတန် – မန်းစ်ဖီးလ်

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။