ရာသီဝက်ကာလမှာ ဆော်ဒီကို ခြေစမ်းပွဲ သွားရောက်ကစားဖို မန်ယူအသင်း ဆွေးနွေးနေ

မန်ယူအသင်းဟာ ရာသီဝက်ကာလမှာ ဆော်ဒီနိုင်ငံကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို ဆွေးနွေးနေကြောင်း သိရပါတယ်။

မန်ယူအသင်းအနေနဲ့ လက်ရှိသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖိုမရှိသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်တာကြောင့် ဆောင်းရာသီကာလရဲ့ ကြားရက်တွေမှာ ပွဲမကစားရဘဲ အားလပ်ရက်တွေရရှိနေမှာပါ။

ဒါကြောင့် ဝင်ငွေလျော့ကျမယ့် အခြေအနေကို သက်သာစေဖိုအတွက် ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို စီစဉ်နေခြင်းဖြစ်ကြောင်း The Athletic အားကစားဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

ခြေစမ်းပွဲကစားဖို သဘောတူညီမှု မရသေးပေမဲ့ ကစားဖြစ်ခဲ့ရင် ပေါင်သန်းနဲ့ချီပြီး ဝင်ငွေရရှိနိုင်ကြောင်း သိရပါတယ်။

မန်ယူအသင်း မတိုင်ခင်က နယူးကာဆယ်၊ ဘာစီလိုနာအသင်းတိုလည်း ရာသီဝက်ကာလမှာ ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားခဲ့ဖူးကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။