ယမားလ် Ballon d’Or ဆုမရတာ အသက်အရွယ်ကြောင့်လို လာလီဂါဥက္ကဋ္ဌ တီဘက်စ် ပြောကြား

လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ဘာစီလိုနာကစားသမား ယမားလ်အနေနဲ့ Ballon d’Or ဆု မရတာဟာ အသက်အရွယ်ကြောင့်ဖြစ်တယ်လို သုံးသပ်ပြောကြားခဲ့ပါတယ်။

ယမားလ်ဟာ ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုရွေးချယ်ရာမှာ အဆင့်(၈)နေရာရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုရွေးချယ်ရာမှာတော့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ ယမားလ်ဟာ အဲဒီ(၂)နှစ်စလုံး အသက်(၂၁)နှစ်အောက် လူငယ်ကစားသမားတွေကိုသာ ချီးမြှင့်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa Trophy)ကိုသာ ရရှိခဲ့ပါတယ်။

ဒါကြောင့် တီဘက်စ်က ”သူ(ယမားလ်)သာ အသက်(၂၃)နှစ်အထက် ကစားသမားဆိုရင် Ballon d’Or ဆုကို ရရှိနေပါပြီ။ သူ ဒီထက် ငယ်စဉ်ကတည်းက သူတိုက တခြားတစ်ခု (Kopa Trophy)ကိုပဲ ပေးခဲ့ပါတယ်လို ပြောကြားခဲ့ပါတယ်။

တီဘက်စ်က ယမားလ်အနေနဲ့ လက်ရှိခြေအဆင့်အတန်းအတိုင်း ရှေ့ဆက်ခဲ့ရင် မဝေးတော့တဲ့ အနာဂတ်မှာ Ballon d’Or ဆုကို သေချာပေါက်ရရှိလိမ့်မယ်လို လည်း ဆိုခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ Ballon d’Or ဆုအတွက် ချန်ပီယံလိဂ်ဖလားက အဆုံးအဖြတ်ဖြစ်တယ်လို ယုံကြည်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။