မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်မှုရှိတယ်လို ဟန်ဒါဆန် ပြောကြား

ဘရန့်ဖိုဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန်က မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်မှုရှိတယ်လို ပြောကြားခဲ့ပါတယ်။
အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းမှာ ပွဲပေါင်း(၅၀၀)နီးပါး ကစားခဲ့သူဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်၊ ၂၀၂၄ ဇန်နဝါရီမှာ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ဒီနွေမှာမှ အင်္ဂလန်မြေကို ပြန်ရောက်လာခဲ့တာပါ။
အင်္ဂလန်ဘောလုံးလောကမှ ရှိမနေတဲ့ကာလအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာကြောင့်လည်း ဟန်ဒါဆန်က အဲဒီကာလဟာ သူ့ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ခြေစွမ်းက အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်ကြောင်း ပြောကြားခဲ့တာပါ။
”ကျွန်တော် အင်္ဂလန်အသင်းအတွက် ဘာလုပ်နိုင်သလဲဆိုတာ ပြီးခဲ့တဲ့နှစ်တွေမှာ ပြသခဲ့ပြီးပါပြီ။ ကျွန်တော် ထိပ်တန်းအဆင့်မှာ ကစားနေတုန်းပါပဲ။ လူတွေက သူတိုဆန္ဒရှိတာကို တွေးနိုင်ကြပါတယ်။ အရေးအကြီးဆုံးက နည်းပြ၊ နည်းပြအဖွဲနဲ့ ကစားသမားတွေ ဘာတွေးသလဲ ဆိုတာပါပဲ။ ကျွန်တော်က ပိုကောင်းတဲ့ကစားသမားဖြစ်အောင်၊ အသင်းဖော်တွေကို ကူညီနိုင်အောင် ကြိုးစားနေတဲ့သူပါ” လို ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။