မန်စီးတီးတောင်ပံကစားသမား ဆယ်ဗင်ညိုကို ကမ်းလှမ်းဖို စပါးအသင်း စီစဉ်နေ

စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆယ်ဗင်ညို(၂၁ နှစ်)ဟာ ၂၀၂၄ နွေရာသီကမှ မန်စီးတီးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ (၄၈)ပွဲ ကစားခွင့်ရခဲ့ပါတယ်။

မန်စီးတီးအသင်းက ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆယ်ဗင်ညိုကို ရောင်းထုတ်လိုခြင်းမရှိခဲ့ပေမဲ့ စပါးအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် လက်ခံဆွေးနွေးဖွယ်ရှိကြောင်း သိရပါတယ်။

ဆယ်ဗင်ညိုကတော့ ကလပ်အသင်းနှစ်သင်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ရင် ပြောင်းရွှေ့ဖို့ လက်ခံသွားမယ်လို့ သိရပါတယ်။

နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ မန်စီးတီးအသင်းက ဆယ်ဗင်ညိုကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူထားပေမဲ့ ပေါင်သန်း(၇၀)ဝန်းကျင်ရရှိမှ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။