ဘော်စတွန်မြိုမှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဘော်စတွန်မြိုမှာ ယှဉ်ပြိုင်ဖို စီစဉ်ထားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ (၃)နိုင်ငံ ပူးပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပေမဲ့ အမေရိကန်နိုင်ငံက ပွဲအများဆုံးလက်ခံကျင်းပသွားမှာပါ။

ကနေဒါနိုင်ငံက မြိုနှစ်မြို၊ မက္ကဆီကိုနိုင်ငံက မြိုသုံးမြိုနဲ့ အမေရိကန်နိုင်ငံက မြို(၁၁)မြိုမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘော်စတွန်မြိုမှာ (၇)ပွဲ ယှဉ်ပြိုင်ကစားဖို စီစဉ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဘော်စတွန်မှာ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြိုတော်ဝန်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် ဒေါ်နယ်ထရန့်က စိတ်တိုင်းကျခြင်းမရှိတာကြောင့် အခုလိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

”ကျွန်တော်တို အဲဒီက ပွဲတွေကို ရွှေ့ပြောင်းပစ်နိုင်ပါတယ်။ ကျွန်တော် ဘော်စတွန်က လူတွေကို ချစ်ပါတယ်။ အဲဒီကပွဲတွေအားလုံး လက်မှတ်ရောင်းကုန်သွားပြီဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတိုရဲ့ မြိုတော်ဝန်က မကောင်းပါဘူး” လို ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရန့်က အစောပိုင်းတုန်းကလည်း လုံခြုံရေးအရ စိတ်မချရဘူးလိုထင်ရင် ကမ္ဘာ့ဖလားပွဲတွေကို အပြောင်းအလဲလုပ်နိုင်ကြောင်း ပြောကြားခဲ့ဖူးပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို ပြောလိုက်ရင် လွယ်လွယ်ကူကူလုပ်ဆောင်နိုင်လိမ့်မယ်လိုလည်း ဆိုခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။