ဘုန်းမောက်နောက်ခံလူ ဇာဘာညီ PSG အသင်းကို ပြောင်းရွှေ့မယ်

ဘုန်းမောက်အသင်းက ယူကရိန်းနောက်ခံလူ ဇာဘာညီဟာ PSG အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး မကြာခင် ဆေးစစ်မှု ခံယူပါလိမ့်မယ်။

ဇာဘာညီ(၂၂ နှစ်)ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၅၇.၁ သန်းအထိ ရှိလိမ့်မယ်လို့ သိရပါတယ်။

နောက်ခံအတွင်းလူ ဇာဘာညီဟာ လက်ရှိမှာ ပါရီကို ရောက်ရှိနေပြီး PSG အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို႔ ပုဂ္ဂိုလ်ရေးသဘောတညီမှု ရရှိထားပါတယ်။

ကလပ်နှစ်သင်းကြား အပြီးသတ်ဆွေးနွေးမှုတွေတော့ လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

ဇာဘာညီရဲ့ ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၅၄.၅ သန်း ရှိနိုင်ပြီး add-ons ကြေးကတော့ ပေါင် ၂.၆ သန်းဝန်းကျင်ဖြစ်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘုန်းမောက်အနေနဲ့ အခုနွေရာသီမှာ ဇာဘာညီ ထွက်ခွာမှုဟာ တတိယမြောက် အဓိကနောက်ခံလူတစ်ဦးကို ရောင်းချတာလည်းဖြစ်တယ်။

အစောပိုင်းက ဟွိင်ဆန်ကို ရီးယဲလ်မက်ဒရစ်အသင်းထံ ပေါင် သန်း ၅၀၊ ကယ်ကယ်ဇ်ကို လီဗာပူးလ်အသင်းထံ ပေါင် သန်း ၄၀ နဲ့ ရောင်းချခဲ့ပါတယ်။

ဇာဘာညီဟာ ၂၀၂၃ ခုနှစ်မှာ ဒိုင်နမိုကိဗ်အသင်းကနေ ပေါင် ၂၄ သန်းနဲ့ ဘုန်းမောက်အသင်းကို ရောက်ရှိလာခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။