လွန်ခဲ့တဲ့ ၁၀ နှစ်က ဘိုဒိုဂလင့် အသင်းဟာ
ချန်ပီယံလိဂ်ဆိုတာ အိပ်မက်တောင်မမက်ဖူးတဲ့အရာပါ။
နော်ဝေထိပ်တန်းလိဂ်မှာတောင်မကစားဖူးတဲ့အသင်းဖြစ်ပါတယ်။ ဘိုဒိုဂလင့်အသင်းက နော်ဝေဒုတိယတန်းမှာကစားနေရတဲ့အသင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘိုဒိုဂလင့်အသင်းက
မထင်မှတ်ထားလောက်အောင်တိုးတက်လာတယ်။
နောက်ဆုံး ၆ ရာသီမှာ ဘိုဒိုဂလင့်အသင်းက နော်ဝေလိဂ်ချန်ပီယံအဖြစ် လေးကြိမ်တိုင်ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဘိုဒိုဂလင့် အလွယ်တကူ
မရောက်ခဲ့ပါဘူး။ ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်ကနေ
ဘိုဒိုဂလင့်အသင်းလှည့်ပြန်နေခဲ့ရတယ်။
လက်ရှိရာသီမှာတော့ ဘိုဒိုဂလင့်အသင်းရဲ့ချန်ပီယံလိဂ်ကစားခွင့်အိပ်မက်ပြည့်ဝခဲ့တယ်။ ချန်ပီယံလိဂ်မှာပထမဆုံးအကြိမ်ကစားခွင့်ရခဲ့တယ်။
ပထမဆုံးကစားခွင့်ရချိန်မှာပဲ မထင်မှတ်ထားတွေ
လုပ်ပြနေတာ ဖြစ်ပါတယ်။
ဘိုဒိုဂလင့်က ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကိုပထမဆုံးရောက်တဲ့ နော်ဝေကလပ်အသင်းအဖြစ်စံချိန်တင်ခဲ့ပါတယ်။ ဘိုဒိုဂလင့်အသင်းက
ချန်ပီယံလိဂ်League Phase နောက်ဆုံးနှစ်ပွဲမှာ
မန်စီးတီးနဲ့ အက်သလက်တီကို၊ Play off နှစ်ပွဲမှာ
အင်တာမီလန်၊ အခု ရှုံးထွက် ၁၆ သင်းအဆင့်မှာ
စပို့တင်းလစ္စဘွန်းအသင်းတွေကို အနိုင်ယူပြီး
မှော်ဆန်ဆန်ဖြတ်သန်းနေပါတယ်။
ဘိုဒိုဂလင့်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို
ဂိုးပြတ်အနိုင်ရခဲ့လို့လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်
တက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။