ဘရာဇီးလ်ကလပ်ရန်ပွဲမှာ ကစားသမား ၂၃ ယောက် အနီကတ်ပြသခံရပြီး နာမည်ကျော်ကစားသမားတချို့ ပါဝင်

ဘရာဇီးလ်ကလပ်ရန်ပွဲမှာ ကစားသမား ၂၃ ယောက် အနီကတ်ပြသခံရပြီး နာမည်ကျော်ကစားသမားတချို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ခရူဇီယိုအသင်းနဲ့ အက်သလက်တီကိုမင်နဲရိုး

အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Campeonato Mineiro ဗိုလ်လုပွဲမှာ ရန်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီပွဲမှာ ခရူဇီယိုအသင်းက ဂျူဗင်တပ်စ်ကစား

သမားဟောင်း ကိုင်ယိုဂျော့ချ် သွင်းယူတဲ့ဂိုးနဲ့

အက်သလက်တီကိုမင်နဲရိုးကို အနိုင်ရခဲ့ပါတယ်။

ခရူဇီယိုအသင်းကို ဘရာဇီးလ်အသင်းနည်းပြဟောင်း ထိထီ ကိုင်တွယ်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် Minas Gerais ပြည်နယ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အက်သလက်တီကိုဂိုးသမား

အယ်ဗာဆန်က ခရူဇီယိုကွင်းလယ်လူ ခရစ္စတီယန်ကို လဲကျအောင် တွန်းခဲ့ပြီးနောက် ရင်ဘတ်ကို ဒူးနဲ့ ဖိထားရာကနေ ရန်ပွဲစတင်ခဲ့ပါတယ်။

ခရူဇီယိုအသင်းက အနိုင်ဂိုးသွင်းသူ ကိုင်ယိုဂျော့ချ်အပါအဝင် ကစားသမား ၁၂ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။

အက်သလက်တီကိုအသင်းကတော့ ဟော့ခ်၊ ရီနန်

လိုဒီအပါအဝင် ကစားသမား ၁၁ ဦး ထုတ်ပယ်ခံရတာဖြစ်တယ်။

ယခုပွဲရဲ့ အနီကတ် ၂၃ ကြိမ်က ဘောလုံးသမိုင်းမှာတော့ စံချိန်တင် မဖြစ်ခဲ့ပါဘူး။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက အာဂျင်တီးနား

ပဉ္စမတန်း ကလေပိုးအသင်းနဲ့ အာရေးညက်စ်တို့ပွဲမှာ ကစားသမား ၃၆ ဦး ထုတ်ပယ်ခံခဲ့ရတာက ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

နှစ်သင်းစလုံး အခုရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲ လေးပွဲကစားအပြီး နိုင်ပွဲမရသေးဘဲ အက်သလက်တီကိုက အဆင့် ၁၇ နဲ့ ခရူဇီယိုက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။