ဖီအိုရင်တီးနားနည်းပြ ပီအိုလီ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေ

ဖီအိုရင်တီးနားနည်းပြ ပီအိုလီ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေ

ဖီအိုရင်တီးနားအသင်းရဲ့ နည်းပြ ပီအိုလီဟာ စီးရီးအေမှာ ပွဲစဥ်(၁၀) ပြီးတဲ့အထိ နိုင်ပွဲမရသေးတာကြောင့် ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ ကွန်းဖရန့်လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရထားပေမဲ့ စီးရီးအေမှာတော့ ၄ ပွဲသရေ၊ ၆ ပွဲရှုံးထားပါတယ်။

ပီအိုလီဟာ ၂၀၂၁-၂၂ ရာသီမှာ အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းကိုတော့ ဒီနွေမှာ ဒုတိယအကြိမ် တစ်ကျော့ပြန် ကိုင်တွယ်ခဲ့တာပါ။

ဖီအိုရင်တီးနားအသင်းက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ပီအိုလီကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေပြီး နစ်နာကြေးပေးချေသွားမယ်လို့ သိရပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ အစားထိုးဖို့ နည်းပြသစ်ကိုလည်း ရှာဖွေနေပြီဖြစ်ပြီး နည်းပြဟောင်း ပယ်လာဒီနိုနဲ့ တိုရီနိုနည်းပြဟောင်း ဗာနိုလီတို့ထဲက တစ်ဦးဦးကို ခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။