ပြင်သစ်လိဂ်မှာ နေမာ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေ

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ ပြင်သစ်လိဂ်မှာ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ ကစားနေသူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဥရောပမှာ ပြန်ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

နေမာ(၃၃ နှစ်)က ဘရာဇီးလ်မှာ ဆက်ကစားနေရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ လုံလောက်မှုမရှိနိုင်ဘူးလို့ ယူဆတာကြောင့် ဥရောပမှာ ပြန်ကစားဖို့ ချိန်ရွယ်နေခြင်းဖြစ်ပြီး သူ့ကို စပိန်နဲ့ တူရကီက ကလပ်အသင်းတွေနဲ့အတူ ပြင်သစ်လိဂ်က မာဆေးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နေမာက PSG အသင်းနဲ့အတူ ပြင်သစ်လိဂ်မှာ (၆)ရာသီကြာ ကျင်လည်ခဲ့ဖူးသူဖြစ်တာကြောင့် မာဆေးလ်အသင်းကို ပြောင်းရွှေ့ကစားဖို့ လိုလားနေတယ်လို့ သိရပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းမှာ ခြေစွမ်းပြနိုင်ပေမဲ့ ဒဏ်ရာပြဿနာရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် ပရိသတ်တချို့ကတော့ စိတ်ပျက်နေကြပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။